Cele News

ကိုဗစ်လူနာများကို လက်ခံကုသပေးနေတဲ့ ဧရာဝတီစင်တာကို အလှူငွေသိန်း(၁၀၀)လှူဒါန်းခဲ့တဲ့ တင်မိုးလွင်

ကိုဗစ်လူနာများကို လက်ခံကုသပေးနေတဲ့ ဧရာဝတီစင်တာကို အလှူငွေသိန်း(၁၀၀)လှူဒါန်းခဲ့တဲ့ တင်မိုးလွင်

မော်ဒယ်တယောက်လည်းဖြစ်တဲ့ တင်မိုးလွင်ကတော့ နာမည်ကြီးပွဲအခမ်းအနားတွေမှာ အစီအစဥ်တင်ဆက်သူအဖြစ်လည်းလုပ်ကိုင်နေသူတဦးပါ။တင်မိုးလွင်ကတော့ မော်ဒယ်သက်တန်းတွေလည်းဖွင့်ထားပြီး အောင်မြင်နေတဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်။ဒီကနေ့မှာတော့ တင်မိုးလွင်က သူမလှူဒါန်းဖြစ်ခဲ့တဲ့ အလှူလေးတစ်ခုကိုအခုလိုပဲပြောပြလာပါတယ်။


COVID19 ယာယီကုသရေးဌာနဧရာဝတီစင်တာကိုအလှူငွေကျပ်သိန်း(၁၀၀)ပေးအပ်လှူဒါန်းခဲ့ပါတယ်ရှင်။ကုသစောင့်ကြပ်ကြည့်ရှုခံမည့်သူများအားထားရှိပြီးကုသရေး၊စားသောက်ရေး၊လုံခြုံမှုရှိရေးနဲ့ အထွေထွေလိုအပ်ချက်များကိုကူညီဆောင်ရွက်ပေးနေတဲ့ဧရာဝတီဖောင်ဒေးရှင်းကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ကမ္ဘာအဝှမ်း ကပ်ရောဂါများကင်းစင်ပါစေ။(၇)ရက်သားသမီးအပေါင်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်ဆိုပြီးပြောလာပါတယ်။


တင်မိုးလွင်ကတော့လက်ရှိတကမ္ဘာလုံးခံစားနေရတဲ့ ကိုဗစ်ရောဂါအတွက်တက်နိုင်တဲ့ဘက်ကနေ တတက်တအားကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်းတင်မိုးလွင်ရဲ့ကုသိုလ်လေးကိုဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။


Zawgyi Version

ကိုဗစ်လူနာများကို လက်ခံကုသပေးနေတဲ့ ဧရာဝတီကိုဗစ်စင်တာကို အလှူငွေသိန်း(၁၀၀) လှူဒါန်းခဲ့တဲ့ တင်မိုးလွင်




Credit to Original