Cele News

မနက်(၅)နာရီလောက် မွေးကင်းစကလေးတစ်ယောက်ကို အိတ်ထဲထည့်ပြီး ဂေဟာရှေ့မှာလာရောက်စွန့်ပစ်သွားကြောင်းပြောလာတဲ့ ခိုင်နှင်းဝေ

မနက်(၅)နာရီလောက် မွေးကင်းစကလေးတစ်ယောက်ကို အိတ်ထဲထည့်ပြီး ဂေဟာရှေ့မှာလာရောက်စွန့်ပစ်သွားကြောင်းပြောလာတဲ့ ခိုင်နှင်းဝေ

ပီပြင်တဲ့ဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်တတ်တဲ့မင်းသမီးခိုင်နှင်းဝေကတော့ အဆင်းရောအချင်းရောပြည့်စုံတဲ့သူတယောက်ဖြစ်ပါတယ်။အနုပညာနယ်ပယ်မှာထူးချွန်ပြီးပရဟိတစိတ်အပြည့်ရှိတဲ့သူတယောက်ပါ။အခုလိုကိုဗစ်ကာလရိုတ်ကူးရေးတွေရပ်ထားရချိန်မှာ ပရဟိတအလုပ်တွေကိုပိုပြီးအာရုံစိုက်ထားတာလည်းတွေ့ရပါတယ်။


အကြောင်းအမျိုးမျိုးကြောင့်မိဘနဲ့ ဝေးကွာနေတဲ့ကလေးတွေကိုလည်း စောင့်ရှောက်ပေးထားတဲ့ခိုင်နှင်းဝေကဒီကနေ့မှာလည်း မနက်(၅)နာရီလောက်မှာမွေးကင်းစသမီးလေးတစ်ယောက်ကိုဂေဟာရှေ့မှာလာရောက်စွန့်ပစ်သွားကြောင်းပြောပြလာပါတယ်။

ဒီနေ့မနက် ၅နာရီလောက်မှာကျွန်မရဲ့ဂေဟာအရှေ့မှာမွေးကာစသမီးလေးတစ်ယောက်ကို လာရောက်စွန့်ပစ်သွားပါတယ်။ကလေးငိုသံကြားလို့ထွက်ကြည့်တဲ့အခါသမီးလေးကိုအေးစက်ပြီးငိုနေတာတွေ့ရပါတယ်။စိတ်လဲမကောင်းဖြစ်ရသလိုတော်တော်လဲစိတ်တိုမိပါတယ်။ ကျွန်မဂေဟာရှေ့လာပစ်တာကျွန်မဆီရောက်စေချင်လို့ဆိုလဲကလေးတွေကိုခုလိုမျိုးတွေမလုပ်ဖို့ တောင်းပန်ပါတယ်။


ကလေးတွေကအရမ်းနုနေတဲ့ချိန်မှာဆောင်းတွင်းဖြစ်တာရယ်အိတ်ထဲမှာမို့ အသက်ရှူကျပ်တာတွေဖြစ်ပီးကလေးအသက် ဆုံးရှူံးနိုင်ပါတယ်။စုံစမ်းမေးမြန်းစရာတွေ စုံစမ်းပြီးသမီးလေးကိုကျွန်မတို့ခိုင်မိသားစုဂေဟာရဲ့ (၃၉)ယောက်မြောက်သမီးလေးအဖြစ်စောင့် ​​​​ ရှောက်ထားလိုက်ပါတယ်ရှင်ဆိုပြီးပြောလာပါတယ်။


ခိုင်နှင်းဝေကတော့သူမဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတဲ့ကလေးတစ်ယောက်ကိုခေါ်ယူမွေးဖွားဖို့စောင့်ရှောက်ဖို့ဝန်မလေးပေမယ့် ရက်ရက်စက်စက်အိတ်ထဲထည့်စွန့်ပစ်တာကိုတော့စိတ်တိုကြောင်းပြောလာတာပဲဖြစ်ပါတယ်။ သမီးလေးလည်း ခိုင်နှင်းဝေရဲ့လက်ထဲမှာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပါစေနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit to All