Cele News

သီချင်းအသစ်ကို 2NE1အဖွဲ့ဝင်ဟောင်း Park Bom နဲ့အတူသီဆိုမယ့် စိုင်းစိုင်းခမ်းလှိုင်

သီချင်းအသစ်ကို 2NE1အဖွဲ့ဝင်ဟောင်း Park Bom နဲ့အတူသီဆိုမယ့် စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းကတော့ကိုဗစ်ကာလအတွင်းမှာလည်း ပရိသတ်တွေအတွက်သီချင်းအသစ်တွေထွက်ရှိပေးထားပါတယ်။အခုလည်းRed Lightလို့အမည်ရတဲ့သီချင်းအသစ်တစ်ပုဒ်ထွက်ရှိဖို့အတွက်ရှိနေတာပါ။ဒီသီချင်းကိုအတူသီဆိုမယ့်သူဟာတောင်ကိုရီးယားနိုင်ငံက2NE1အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်လိမ့်မယ်လို့သတင်းတွေထွက်ရှိနေခဲ့ပါတယ်။


စိုင်းစိုင်းကတော့ ဒီနေ့မှာသီချင်းအသစ်နဲ့ပတ်သက်ပြီးပရိသတ်တွေကိုပြောလာခဲ့ပါပြီ။ဒီ Red Light ဆိုတဲ့သီချင်းကိုအတူသီဆိုမယ့်သူကတော့2NE1အဖွဲ့ဝင်ဟောင်း Park Bom ဖြစ်ပါတယ်။ Park Bomကတော့မြန်မာပရိသတ်တွေသိပြီးသားသူတစ်ယောက်လည်းဖြစ်သလို တောင်ကိုရီးယားနိုင်ငံရဲ့ကမ္ဘာကျော်အဆိုတော်တစ်ယောက်လည်းဖြစ်နေပါတယ်။ဒီသတင်းအတွက်ပရိသတ်တွေကတော့ပျော်နေကြတာလည်း ဖြစ်ပါတယ်။


စိုင်းစိုင်းကတော့မြန်မာပြည်တွင်းမှာထိပ်တန်းအောင်မြင်မှုရရှိနေသလိုအခုလိုမျိုးကိုရီးယားအနုပညာရှင်တွေနဲ့သီချင်းအတူဖန်တီးတာကတော့ထူးထူးခြားခြားပါပဲ။Park Bom ရဲ့ပရိသတ်တွေနဲ့ စိုင်းစိုင်းရဲ့ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကောင်းတစ်ခုပါပဲနော်။


Zawgyi Version





Source – Sai Sai Kham Leng