Cele News

ကောင်းကျိုးလုံးဝမပေးတဲ့အရာတစ်ခုကြောင့် သိန်းသောင်းနဲ့ချီ ဆုံးရှုံးခဲ့ရတဲ့အပြင် လူပါ သေမလိုဖြစ်ခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ စွမ်းဇာနည်

ကောင်းကျိုးလုံးဝမပေးတဲ့အရာတစ်ခုကြောင့်သိန်းသောင်းနဲ့ချီဆုံးရှုံးခဲ့ရတဲ့အပြင်လူပါသေမလိုဖြစ်ခဲ့ရတဲ့အကြောင်းပြောပြလာတဲ့စွမ်းဇာနည်

မင်းသားချောစွမ်းဇာနည်တော့စွမ်းဇာတ်သဘင်ကိုထူထောင်ထားပြီးအနယ်နယ်အရပ်ရက်ကိုကပြဖျော်ဖြေပေးတာလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာစွမ်းဇာနည်ကတော့ဗွီဒီယိုဇာတ်ကားတွေထိပါပါဝင်သရုပ်ဆောင်လာတဲ့အထိအောင်မြင်ခဲ့တာဘဲဖြစ်ပါတယ်။ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့စွမ်းဇာနည်ကမူးယစ်ဆေးကြောင့်သိန်တစ်သောင်းကျော်ဆုံးရှုံးခဲ့ရတယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။

စွမ်းဇာနည်ကတစ်နိုင်ငံလုံးမှာလက်ခံထားတဲ့ပွဲတွေအကုန်လုံးလျော်လိုက်ရတယ်။ကားသုံးစီးပြုတ်သွားတယ်။ငွေလျော်တာတောင်မကျေနပ်လို့သွားတောင်းပန် ခဲ့ရတယ်။အားလုံးပေါင်းကျပ်သိန်း(၁)သောင်းလောက်နစ်နာခဲ့ရတယ်။ဆေးလိပ်၊အရက်၊မူးယစ်ဆေးတွေကို အလွန်အကျွံသုံးမိခဲ့လို့လူကရူးသွားတာပါ။ငွေဆုံးရှုံးတာကပြန်ရှာလို့ရနိုင်ပေမယ့်ယုံကြည်မှုတွေပါမဆုံးရှုံးရအောင်ပြန်ကြိုးစားနေပါတယ်လို့ပြောလာခဲ့တာပါ။


ဆက်လက်ပြီးစွမ်းကမူးယစ်ဆေးကလုံးဝလက်တည့် စမ်းလို့မရတဲ့အရာတစ်ခုပါကျန်းမာ​ရတောက်လျှောက်ထိခိုက်ပါတယ်သူ့နာမည်မှာကိုကပါပြီးသားပဲလေစိတ်ကြွရူးသွပ်ဆေးပြားဆိုတာဆက်သုံးရင်ရူးမှာပဲလက်ရှိသုံးနေတဲ့သူတွေကိုမသုံးကြပါနဲ့ဘာတစ်ခုမှ ကောင်းကျိုးမပေးတဲ့အရာပါမိန်းကလေးတွေလည်းသုံးတာတွေ့ရတယ်မလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။


အရက်တောင်သောက်တတ်ရင်ဆေးဖြစ်တယ် ကျွန်တော်ကအလွန်အကျူးသုံးလိုက်တော့ကျန်မာရေးတွေတောက်လျှောက်ထိခိုက်တယ်ကျန်းမာရေးထိခိုက်တော့ပွဲမကနိုင်ဘူးပွဲတွေဖျက်လိုက်ရတယ်ထားဝယ်ကပရိသတ်တွေဆိုကျွန်တော်လာကဖို့လေးငါးခြောက်လ အနည်းဆုံးစာချုပ်ထားကြတယ်ကိုယ်ကမကနိုင်တော့သူတို့ကကိုယ့်ကိုမုန်းကုန်ကြတယ်ယုံကြည်မှုတွေပါပျက်ကုန်တာပေါ့လို့ပြောပြခဲ့တာဖြစ်ပါတယ်။

စွမ်းဇာနည်ကတော့မူးယစ်ဆေးကြောင့်သိန်းသောင်းနဲ့ချီ ထိခိုက်နစ်နာခဲ့ရတဲ့အကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးလည်းစွမ်းအတွက်အားပေးစကားလေးပြောခဲ့ကြပါအုန်းနော်။

Credit to Original