Cele News Local News

မြန်မာလက်ရွေးစင်ကစားသမား အောင်သူကို ဒေါ်လာ(၅)သောင်း မြန်မာငွေသိန်း(၇၀၀)ခန့် နဲ့ ရောင်းချလိုက်တဲ့ ရတနာပုံအသင်

မြန်မာလက်ရွေးစင်ကစားသမားအောင်သူကို ဒေါ်လာ(၅)သောင်းမြန်မာငွေသိန်း(၇၀၀)ခန့် နဲ့ရောင်းချလိုက်တဲ့ရတနာပုံအသင်း

မြန်မာ့လက်ရွေးစင်ကစားသမားအောင်သူကတော့ အကောင်းဆုံးခြေစွမ်းတွေနဲ့ မြန်မာ့ပရိသတ်တွေအတွက်နိုင်ပွဲတွေယူဆောင်ပေးနိုင်တဲ့သူတယောက်ပါ။လက်ရှိမှာတော့အောင်သူကရတနာပုံအသင်းများကစားနေတာလည်းဖြစ်ပါတယ်။ရတနာပုံအသင်းနဲ့မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူကတော့ထိုင်းလိဂ်ဝမ်းကလပ်ဘူရီယမ်အသင်းနဲ့တရားဝင်ပူးပေါင်းလိုက်ကြောင်းဘူရီယမ်အသင်းရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာဖော်ပြထားတဲ့ပုံအရသိရပါတယ်။


အောင်သူအနေနဲ့ယခုတစ်ပတ်အတွင်းမှာထိုင်းလိဂ်ဝမ်းကလပ်ဘူရီယမ်အသင်းနဲ့သွားရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး၊စာချုပ်ပါအချက်အလက်တစ်ချို့မှာလည်းယခင်ပုံစံတွေကလိုအငှားချတဲ့သဘောမျိုးမဟုတ်ပဲ။အမေရိကန်ဒေါ်လာ(၅)သောင်းနဲ့အောင်သူကိုအပြတ်ရောင်းချခဲ့တာဖြစ်တယ်လို့ရတနာပုံအသင်းမန်နေဂျာကိုအတာဦးကဖြေကြားခဲ့ပါတယ်။


ဒါပေမယ့်လည်းအောင်သူနဲ့ဘူရီယမ်တို့ရဲ့စာချုပ်ချုပ်ဆိုမှုအသေးစိတ်အချက်အလက်တွေကိုတော့သိရှိရခြင်းမရှိသေးပဲ၊အောင်သူပါဝင်ကစားမယ့်ဘူရီယမ်အသင်းကတော့ထိုင်းလိဂ်ဝမ်းပြိုင်ပွဲရဲ့အဆင့်(၅)နေရာမှာရပ်တည်နေတဲ့အသင်းပါ။အောင်သူအနေနဲ့ကလည်းထိုင်းကလပ်အသင်းတွေဖြစ်တဲ့Police Tero/ Muangthong Unitedအသင်းတို့မှာကစားခဲ့ဖူးပြီး၊ လက်ရှိဘူရီယမ်အသင်းကတော့သူ့ရဲ့တတိယမြောက်ထိုင်းကလပ်အသင်းဖြစ်လာခဲ့တာပါ။


Zawgyi Version

ျမန္မာလက္ေ႐ြးစင္ကစားသမား ေအာင္သူကို ေဒၚလာ(၅)ေသာင္း ျမန္မာေငြသိန္း(၇၀၀)ခန႔္ နဲ႕ ေရာင္းခ်လိဳက္တဲ့ရတနာပုံအသင္း

ျမန္မာ့လက္ေ႐ြးစင္ကစားသမားေအာင္သူကေတာ့ အေကာင္းဆုံးေျခစြမ္းေတြနဲ႕ ျမန္မာ့ပရိသတ္ေတြအတြက္နိုင္ပြဲေတြယူေဆာင္ေပးနိုင္တဲ့သူတေယာက္ပါ။လက္ရွိမွာေတာ့ ေအာင္သူကရတနာပုံအသင္းမ်ားကစားေနတာလည္းျဖစ္ပါတယ္။ရတနာပုံအသင္းနဲ႕ ျမန္မာ့လက္ေ႐ြးစင္တိုက္စစ္မႉးေအာင္သူကေတာ့ ထိုင္းလိဂ္ဝမ္းကလပ္ဘူရီယမ္အသင္းနဲ႕ တရားဝင္ပူးေပါင္းလိုက္ေၾကာင္း ဘူရီယမ္အသင္းရဲ႕ေဖ့ဘုတ္စ္ စာမ်က္ႏွာမွာေဖာ္ျပထားတဲ့ပုံအရသိရပါတယ္။

ေအာင္သူအေနနဲ႕ယခုတစ္ပတ္အတြင္းမွာထိုင္းလိဂ္ဝမ္းကလပ္ဘူရီယမ္အသင္းနဲ႕သြားေရာက္ပူးေပါင္းခဲ့တာျဖစ္ၿပီး၊စာခ်ဳပ္ပါအခ်က္အလက္တစ္ခ်ိဳ႕မွာလည္းယခင္ပုံစံေတြကလိုအငွားခ်တဲ့သေဘာမ်ိဳးမဟုတ္ပဲ။အေမရိကန္ေဒၚလာ(၅) ေသာင္းနဲ႕ေအာင္သူကိုအျပတ္ေရာင္းခ်ခဲ့တာျဖစ္တယ္လို႔ရတနာပုံအသင္းမန္ေနဂ်ာကိုအတာဦးကေျဖၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္းေအာင္သူနဲ႕ဘူရီယမ္တို႔ရဲ႕စာခ်ဳပ္ခ်ဳပ္ဆိုမႈအေသးစိတ္အခ်က္အလက္ေတြကိုေတာ့သိရွိရျခင္းမရွိေသးပဲ၊ေအာင္သူပါဝင္ကစားမယ့္ဘူရီယမ္အသင္းကေတာ့ ထိုင္းလိဂ္ဝမ္းၿပိဳင္ပြဲရဲ႕အဆင့္ (၅)ေနရာမွာရပ္တည္ေနတဲ့အသင္းပါ။ေအာင္သူအေနနဲ႕ကလည္းထိုင္းကလပ္အသင္းေတြျဖစ္တဲ့Police Tero/ Muangthong United အသင္းတို႔မွာကစားခဲ့ဖူးၿပီး၊ လက္ရွိဘူရီယမ္အသင္းကေတာ့ သူ႕ရဲ႕တတိယေျမာက္ထိုင္းကလပ္အသင္းျဖစ္လာခဲ့တာပါ။

Credit to Original