Cele News

သားလေးလိုချင်သေးတယ်ဆိုတဲ့ ချစ်ခင်ပွန်းကို ကိုယ်တိုင်ဗိုက်ကြီးလို့ရရင် မွေးတော့လို့ ကျီစယ်လိုက်တဲ့ ချစ်သုဝေ

သားလေးလိုချင်သေးတယ်ဆိုတဲ့ ချစ်ခင်ပွန်းကို ကိုယ်တိုင်ဗိုက်ကြီးလို့ရရင်မွေးတော့လို့ကျီစယ်လိုက်တဲ့ ချစ်သုဝေ

ပြည်သူချစ်အနုပညာရှင်စုံတွဲဖြစ်တဲ့အဆိုတော်လင်းလင်းနဲ့ချစ်သုဝေတို့ကတော့အနုပညာနယ်ပယ်မှာကိုယ်စီအောင်မြင်နေတဲ့သူတွေဘဲဖြစ်ပါတယ်။ဒါအပြင် အမွှာပူးသမီးလေးနှစ်ယောက်နဲ့အတူပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးလည်းပိုင်ဆိုင်ထားပါသေးတယ်။ချစ်သုဝေရဲ့ခင်ပွန်းအဆိုတော်လင်းလင်းကလည်းချစ်ဇနီးလေးကိုအရမ်းချစ်ပြီးအမြဲအလိုလိုက်ပေးတာဖြစ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်းမှာတော့ချစ်သုဝေကလှေကားပေါ်ကပြုတ်ကျပြီးခါးအရိုးအက်သွားလို့ဆေးရုံကိုရက်အနည်းငယ်တက်လိုက်ရသေးတာဖြစ်ပါတယ်။လင်းလင်းကလည်းချစ်ဇနီးလေးရဲ့ဘေးနားမှာပြုစုယုယပေးဖို့အတွက် အလုပ်တွေရှိတာတောင်နောက်ရွှေ့ထားလိုက်တဲ့ ခင်ပွန်းကောင်းဖြစ်ပါတယ်နော်။ချစ်သုဝေနဲ့လင်းလင်းတို့ဇနီးမောင်နှံကတော့အပြန်အလှန်ဖေးကူညီခြင်းတွေနဲ့ပဲသာယာလှပတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။


ချစ်သုဝေနဲ့လင်းလင်းတို့ရဲ့မိသားစုလေးကိုချစ်ကြတဲ့ပရိသတ်တွေအများအပြားရှိလို့သူတို့လှုပ်ရှားမှုပုံရိပ်တိုင်းကိုစောင့်ကြည့်နေကြတာဖြစ်ပါတယ်။လင်းလင်းကတော့အမွှာသမီးလေးနှစ်ယောက်နဲ့တင်မလုံလောက်သေးဘဲ ချစ်ဇနီးလေးကို သားလေးလိုချင်သေးကြောင်းပြောထားတာဖြစ်ပါတယ်။ချစ်သုဝေကသားလေးလိုချင်သေးတယ်ဆိုပဲကိုထွေးလင်းကိုကကိုယ့်ဘာသာပဲ ဗိုက်ကြီးလို့ရရင်မွေးတော့လို့ဆိုပြီးလွန်ခဲ့တဲ့(၄)နှစ်က အမှတ်တရပုံလေးတွေနဲ့အတူကျီစယ်စနောက်လိုက်တာ‌ဖြစ်ပါတယ်နော်။


Zawgyi Version





Credit to Original