Cele News

The Voice Myanmar Winner ဆုကြီးကို ထိုက်တန်စွာ ဆွတ်ခူးရရှိသွားတဲ့ ပြည်မြို့က N Oo L

The Voice Myanmar Winner ဆုကြီးကို ထိုက်တန်စွာ ဆွတ်ခူးရရှိသွားတဲ့ ပြည်မြို့က N Oo L

The Voice Myanmar season -3 ရဲ့  Grand Final ပြိုင်ပွဲကြီးကတော့ မနေ့ညကအကျိတ်အနယ်ယှဥ်ပြိုင်ခဲ့ကြတာဘဲဖြစ်ပါတယ်။ကျန်ရှိနေတဲ့Top – 4 တွေဖြစ်ကြတဲ့ ခင်ရတနာစိုး၊ N Oo L ၊ Error ၊ Twan Peeတို့ကအကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ပြိုင်ပွဲဝင်လေးဦးစလုံးဟာအကောင်းဆုံးယှဥ်ပြိုင်ခဲ့ကြပေမယ့်နောက်ဆုံး WinnerဆုကြီးကိုRဇာနည်ရဲ့ Team ကပြိုင်ပွဲဝင် N Oo L ကဆွတ်ခူးရရှိသွားခဲ့တာဖြစ်ပါတယ်။


The Voice Myanmar ပြိုင်ပွဲကြီးရဲ့ Season -1 နဲ့ Season -2 မှာWinner ဆုကိုအမျိုးသားအဆိုရှင်များရရှိပိုင်ဆိုင်ခဲ့တာဖြစ်သလိုဒီနှစ် Season3မှာလည်းအမျိုးသားအဆိုရှင်ကပဲဆုရရှိခဲ့တာတွေ့ရပါတယ်။ဒီနှစ် Winnerဆုရှင်ကလည်းပရိသတ်တွေအကြိုက်နဲ့ထပ်တူ ကြခဲ့တယ်လို့ဆိုရမှာပါ။


The Voice Myanmar Season 3 ပြိုင်ပွဲမှာ Winner ရရှိတဲ့သူ N Oo L ကတော့ ဆုကြေးငွေ သိန်းနှစ်ရာ၊ FG Entertainment နဲ့ သီချင်းခွေ ထုတ်ခွင့်ရမှာဖြစ်သလို  MG Brand ကားတစ်စီးကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။


Zawgyi Version

The Voice Myanmar Winner ဆုကြီးကို ထိုက်တန်စွာ ဆွတ်ခူးသွားတဲ့ ပြည်မြို့က N Oo L




Credit to Original