Cele News

ကြိုးစားရှာဖွေပြီးစုဆောင်းထားကြတဲ့ ကျောက်စိမ်းတွေထဲမှ သိန်းချီတန်လက်စွပ်တွေကို မဲဖောက်ပေးသွားမယ့် နေဆန်းတို့ဇနီးမောင်နှံ

ကြိုးစားရှာဖွေပြီးစုဆောင်းထားကြတဲ့ ကျောက်စိမ်းတွေထဲမှ သိန်းချီတန်လက်စွပ်တွေကို မဲဖောက်ပေးသွားမယ့် နေဆန်းတို့ဇနီးမောင်နှံ

တခေတ်တခါကအောင်မြင်ခဲ့တဲ့ရုပ်ရှင်သရုပ်ဆောင်တယောက်ဖြစ်တဲ့နေဆန်းကတော့ ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး ဝါရင့်သရုပ်ဆောင်ကောင်းတယောက်လည်းဖြစ်ပါတယ်။အခုချိန်ထိလည်းအနုပညာအလုပ်တွေကိုလုပ်ကိုင်နေပြီး ပရိသတ်ချစ်ခင်အားပေးနေဆဲဖြစ်ပါတယ်။နေဆန်းကသားတစ်ယောက်၊သမီးတစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ဖခင်ဖြစ်ပြီးပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။


နေဆန်းကသူ့အပေါ်အရမ်းကောင်းတဲ့ဇနီးသည်လည်းရှိတာကြောင့်အိမ်ထောင်ကျတာအရမ်းကံကောင်းပါတယ်နော်။နေဆန်းတို့ဇနီးမောင်နှံနှစ်ယောက်ကစီးပွားရေးဆိုလည်းတက်ညီလက်ညီလုပ်ဆောင်ကြတာဖြစ်လို့ လက်ရှိမှာဆိုရင်တော့နယူးချစ်တီးဆိုတဲ့ ထမင်းဆိုင်လေးကိုဖွင့်ထားကြတာဖြစ်ပါတယ်။နေဆန်းတို့ရဲ့ထမင်းဆိုင်ကလည်းရောင်းအားကောင်းပြီးစားသုံးသူတွေများပြားလို့ တစ်နေ့ထက်တစ်နေ့ပိုပိုအောင်မြင်လာတာဖြစ်ပါတယ်နော်။


အခုဆိုရင်တော့နေဆန်းတို့ဇနီးမောင်နှံနှစ်ယောက်ကသူတို့ရဲ့ဆိုင်မှာစားသုံးကြတဲ့သူတွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့မဲဖောက်ပေးမှာဖြစ်ပါတယ်။နေဆန်းတို့ကသူတို့စုဆောင်းထားတဲ့ ကျောက်စိမ်းတွေထဲမှာမှသိန်းချီတန်တဲ့လက်စွပ်‌(၅)ကွင်းကိုဒီနေ့ညနေ (၄)နာရီတိတိမှာ ပေးမှာဖြစ်ပါတယ်နော်။


နေဆန်းတို့မိသားစုကတော့အခုလိုမျိုးသဒ္ဒါတရားထက်သန်ပြီး ရက်ရက်ရောရောလှူတတ်လိုစီးပွားဥစ္စာတွေ ဒီရေအလားတိုးတက်ပြီးပိုအောင်မြင်ဦးမှာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ညနေ(၄)နာရီကိုစောင့်ပြီး နေဆန်းတို့ရဲနယူးချစ်တီးဖေ့ဘုတ်စ်မှာ ဝင်ရောက်ကံစမ်းလိုက်ကြပါဦးနော်။

Credit to Original