Cele News

ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းအတွက် အလှူငွေ (၇)သိန်းကျပ် လှူဒါန်းခဲ့တဲ့ စွမ်းဇာနည်

ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းအတွက် အလှူငွေ (၇)သိန်းကျပ် လှူဒါန်းခဲ့တဲ့ စွမ်းဇာနည်

ဇာတ်သဘင်လောကမှာအောင်မြင်နေတဲ့မင်းသားတလက်ဖြစ်တဲ့ စွမ်းဇာနည်ကတော့ စွမ်းဇာတ်သဘင်ကိုတည်ထောင်ထားပြီး အနယ်နယ်အရပ်ရပ်ကိုကပြဖျော်ဖြေပေးနေတာဘဲဖြစ်ပါတယ်။ဒါအပြင် မင်းသားချောစွမ်းဇာနည်ကတော့ ဗီဒီယိုဇာတ်ကားတွေမှာပါဝင်သရုပ်လာပြီး ပရိသတ်အားပေးမှူအပြည့်အဝရရှိခဲ့တာလည်းဖြစ်ပါတယ်။


စွမ်းဇာနည်ကစိတ်သဘောထားပြည့်ဝပြီးသူတစ်ပါးကိုအမြဲကူညီတတ်သလိုအလှူအတန်းတွေကိုလည်းရက်ရက်ရောရောလှူဒါန်းပေးတဲ့သူပဲဖြစ်ပါတယ်။ယနေ့မှာတော့စွမ်းဇာနည်ကမင်းသားကြီးဦးကျော်သူရဲ့(ရန်ကုန်)နာရေးကူညီမှုအသင်းကိုအလှူငွေ(၇)သိန်းကျပ်တိတိလှူဒါန်းပေးခဲ့ပါတယ်။


စွမ်းဇာနည်ရဲ့မွန်မြတ်တဲ့အလှူလေးကိုပရိသတ်တွေထပ်တူသာဓုခေါ်ဆိုနိုင်အောင်ဦးကျော်သူရဲ့လူမှုကွန်ယက်မှာဖော်ပြလာခဲ့ပါတယ်။ဒါ့အပြင်စွမ်းဇာနည်ရဲ့အလှူလေးနဲ့ပတ်သက်ပြီးဦးကျော်သူကပြောပြထားရာမှာလည်းမင်းသားစွမ်းဇာနည်၏မြတ်ကောင်းမှုယနေ့


မင်းသားစွမ်းဇာနည်၏စွမ်းသဘင်မိသားစုမှနာရေးကူညီမှုအသင်း(ရန်ကုန်)သို့မီးဂြိုလ်ခယောက်(၁၀၀)စာ နှင့်ကဒ်ခေါင်း(၅၄)ခုစာအလှူငွေ(၇)သိန်းကျပ်အားသဒ္ဒါတရားထက်သန်စွာဖြင့်လှူဒါန်းသည့်အတွက်ဤဂုဏ်ပြုလွာကိုဝမ်းမြောက်စွာဖြင့် သာဓုခေါ်ဆိုချီးမြှင့်အပ်ပါတယ်စွမ်းဇာနည်ကိုယ်စားအဆိုတော်ရုပ်ရှင်မင်းသားနာကူ(ရန်ကုန်)စံပြပရဟိတအနုပညာရှင်ဇွဲလရောင်(မခင်လေး)မှလှူဒါန်းပေးခဲ့ပါတယ်သာဓု သာဓုသာဓုပါဗျာဆိုပြီးဖော်ပြထားပါတယ်။

Credit to Original