Cele News

ဒီကနေ့မှာပဲ အသက် (၃၇) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး ထွန်းထွန်း

ဒီကနေ့မှာပဲ အသက် (၃၇) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး ထွန်းထွန်း

တချိန်ကနာမည်ကြီးခဲ့တဲ့ Examplez အဖွဲ့ဝင်တယောက်ဖြစ်တဲ့အဆိုတော်ထွန်းထွန်းကတော့ သီချင်းကောင်းလေးတွေနဲ့ ပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်သူတယောက်ပါ။ထွန်းထွန်းကဂီတနယ်ပယ်မှာပင်အောင်မြင်ရုံသာမက အုတ်ကြားမြတ်ပေါက်ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုပါရရှိခဲ့ပြီး ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တယောက်ပါ။ဒါအပြင်ထွန်းထွန်းက နှင်းဆီအငြိမ့်မှာပါလူရွှင်တော်တယောက်အနေနဲ့ ပါဝင်ထားပါသေးတယ်။


ဒီကနေ့ဒီဇင်ဘာလ(၂၄)ရက်နေ့ကတော့ ပရိသတ်ကြီးချစ်ကြတဲ့အကယ်ဒမီထွန်းထွန်းရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။(၁၉၈၃) ခုနှစ်မှာမွေးဖွားခဲ့တဲ့ထွန်းထွန်းကဒီနေ့မှာတော့သူ့ရဲ့ အသက် (၃၇)နှစ်မြောက်မွေးနေ့ကိုဖြတ်သန်းရမှာပဲဖြစ်ပါတယ်။ထွန်းထွန်းကတော့အသက်တစ်နှစ်ကြီးလာတဲ့သူ့ရဲ့မွေးနေ့မှာအရင်အတိုင်း လူပျိုကြီးအဖြစ်ဆက်လက်ရှိနေပြီး အိမ်ထောင်ပြုမယ့်အရေးကိုမစဉ်းစားသေးကာ တစ်ကိုယ်တည်းနေထိုင်နေဆဲဖြစ်ပါတယ်။


ထွန်းထွန်းကတော့(၃၇)နှစ်ဆိုတဲ့အရွယ်ကို ရောက်လာခဲ့ပြီဖြစ်ပေမယ့်မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုကိုမလျော့စတမ်းရရှိနေပြီးပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဘွဲ့ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းဒီကနေ့ရဲ့မွေးနေ့ရှင်ထွန်းထွန်းအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi Version

ဒီကေန႕မွာပဲ အသက္ (၃၇) ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္တဲ့ ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ႀကီး ထြန္းထြန္း

တခ်ိန္ကနာမည္ႀကီးခဲ့တဲ့ Examplez အဖြဲ႕ဝင္တေယာက္ျဖစ္တဲ့အဆိုေတာ္ထြန္းထြန္းကေတာ့ သီခ်င္းေကာင္းေလးေတြနဲ႕ ပရိသတ္ရင္ထဲေရာက္ေအာင္သီဆိုနိုင္သူတေယာက္ပါ။ထြန္းထြန္းကဂီတနယ္ပယ္မွာပင္ေအာင္ျမင္႐ုံသာမက အုတ္ၾကားျမတ္ေပါက္႐ုပ္ရွင္ကားႀကီးနဲ႕ အေကာင္းဆုံးအမ်ိဳးသားဇာတ္ပို႔ဆုပါရရွိခဲ့ၿပီး ဘက္စုံထူးခြၽန္တဲ့ အႏုပညာရွင္တေယာက္ပါ။ဒါအျပင္ထြန္းထြန္းက ႏွင္းဆီအၿငိမ့္မွာပါလူ႐ႊင္ေတာ္တေယာက္အေနနဲ႕ ပါဝင္ထားပါေသးတယ္။

ဒီကေန႕ဒီဇင္ဘာလ(၂၄)ရက္ေန႕ကေတာ့ ပရိသတ္ႀကီးခ်စ္ၾကတဲ့အကယ္ဒမီထြန္းထြန္းရဲ႕ ေမြးေန႕ရက္ျမတ္ေလးပဲျဖစ္ပါတယ္။(၁၉၈၃) ခုႏွစ္မွာေမြးဖြားခဲ့တဲ့ထြန္းထြန္းကဒီေန႕မွာေတာ့သူ႕ရဲ႕ အသက္ (၃၇)ႏွစ္ေျမာက္ေမြးေန႕ကိုျဖတ္သန္းရမွာပဲျဖစ္ပါတယ္။ထြန္းထြန္းကေတာ့အသက္တစ္ႏွစ္ႀကီးလာတဲ့သူ႕ရဲ႕ေမြးေန႕မွာအရင္အတိုင္း လူပ်ိဳႀကီးအျဖစ္ဆက္လက္ရွိေနၿပီး အိမ္ေထာင္ျပဳမယ့္အေရးကိုမစဥ္းစားေသးကာ တစ္ကိုယ္တည္းေနထိုင္ေနဆဲျဖစ္ပါတယ္။

ထြန္းထြန္းကေတာ့(၃၇)ႏွစ္ဆိုတဲ့အ႐ြယ္ကို ေရာက္လာခဲ့ၿပီျဖစ္ေပမယ့္မိန္းကေလးပရိသတ္ေတြရဲ႕အားေပးမႈကိုမေလ်ာ့စတမ္းရရွိေနၿပီးပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ဘြဲ႕ကိုဆက္လက္ထိန္းသိမ္းထားနိုင္ဆဲျဖစ္ပါတယ္။ပရိသတ္ႀကီးလည္းဒီကေန႕ရဲ႕ေမြးေန႕ရွင္ထြန္းထြန္းအတြက္ အမွတ္တရေမြးေန႕ဆုေတာင္းစကားေလး ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit to all