Cele News

ရုတ်တရက်လေဖြန်းသွားလို့ မုံရွာဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော် ဦးမိုးကျော်

ရုတ်တရက်လေဖြန်းသွားလို့မုံရွာဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့လူရွှင်တော်ဦးမိုးကျော်

ဦးမိုးကျော်ကတော့သဘင်လောကမှာလူရွှင်တော်ဆိုနီ ၊မိုးကျော်ဆိုတဲ့အတွဲညီတဲ့ဟာသညီနောင်အဖြစ်ပရိသတ်တွေကြားမှာထင်ရှားခဲ့တဲ့လူရွှင်တော်တွေဖြစ်ပါတယ်။လူရွှင်တော်ဆိုနီကတော့ကွယ်လွန်သွားတာကြာခဲ့ပါပြီ။လူရွှင်တော်မိုးကျော်ကလည်းကျန်းမာရေးအခြေအနေကြောင့်အနုပညာလှုပ်ရှားမှုတွေသိပ်မရှိပေမယ့်ဟာသအစီအစဉ်တွေမှာအကဲဖြတ်ဒိုင်လူကြီးအဖြစ်ပါဝင်​လှုပ်ရှားနေတာကိုတွေ့ရပါတယ်။


လူရွှင်တော်ကြီးဦးမိုးကျော်ကတော့ဒီနေ့ (ဒီဇင်ဘာလ ၂၄) ရက်မှာ ရုတ်တရက်လေဖြန်းချင်သသလို ဖြစ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့မုံရွာဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့အကြောင်းလူရွှင်တော် ကောင်းကျော်ကပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။လူရွှင်တော်ကြီးဦးမိုးကျော်ဒီမနက်လေဖြန်းသလိုဖြစ်သွားပါသဖြင့်မုံရွာမြို့ဆေးရုံကြီးကိုတင်လိုက်ရပါသည်။ဒါပေမဲ့သက်သာပါသည်ခင်ဗျာ။ကျောက်ပန်းတောင်းကသူ့ရဲ့သမီးလာခေါ်သွားပါပြီဆိုပြီးတော့ဒီဇင်ဘာလ(၂၄)ရက်နေ့ညနေ(၄)နာရီကျော်ကလူရွှင်တော်ကောင်းကျော်ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

ဦးမိုးကျော်ရဲကျန်းမာရေးအခြေအနေကိုသိလိုက်ရတဲ့ပရိသတ်တွေ၊လူရွှင်တော်လောကသားတွေကလည်းစိတ်မကောင်းဖြစ်လို့နေကြပါတယ်။ကျန်းမာရေးအမြန်ဆုံးပြန်ကောင်းလာဖို့အတွက်ကိုလည်းComment ကနေတဆင့်ဆုတောင်းစကားတွေရေးသားခဲ့ကြပါတယ်။

Zawgyi version

႐ုတ္တရက္ေလျဖန္းသြားလို႔ မုံ႐ြာေဆး႐ုံမွာ ေဆးကုသမႈခံယူေနရတဲ့ လူ႐ႊင္ေတာ္ ဦးမိုးေက်ာ္

ဦးမိုးေက်ာ္ကေတာ့သဘင္ေလာကမွာ လူ႐ႊင္ေတာ္ဆိုနီ ၊မိုးေက်ာ္ဆိုတဲ့အတြဲညီတဲ့ ဟာသညီေနာင္အျဖစ္ပရိသတ္ေတြၾကားမွာ ထင္ရွားခဲ့တဲ့လူ႐ႊင္ေတာ္ေတြျဖစ္ပါတယ္။

လူ႐ႊင္ေတာ္ႀကီး ဦးမိုးေက်ာ္ကေတာ့ ဒီေန႕ (ဒီဇင္ဘာလ ၂၄) ရက္မွာ ႐ုတ္တရက္ ေလျဖန္းခ်င္သသလို ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ မုံ႐ြာေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရတဲ့ အေၾကာင္း လူ႐ႊင္ေတာ္ ေကာင္းေက်ာ္က ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။လူ႐ႊင္ေတာ္ႀကီးဦးမိုးေက်ာ္ဒီမနက္ေလျဖန္းသလိုျဖစ္သြားပါသျဖင့္မုံ႐ြာၿမိဳ႕ေဆး႐ုံႀကီးကိုတင္လိုက္ရပါသည္။ဒါေပမဲ့သက္သာပါသည္ခင္ဗ်ာ။ေက်ာက္ပန္းေတာင္းကသူ႕ရဲ႕သမီးလာေခၚသြားပါၿပီဆိုၿပီးေတာ့ဒီဇင္ဘာလ(၂၄)ရက္ေန႕ညေန(၄)နာရီေက်ာ္ကလူ႐ႊင္ေတာ္ေကာင္းေက်ာ္ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာေရးသားခဲ့ပါတယ္။

Credit to original