Cele News

ချစ်သူ Lance နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်တဲ့ ဥက္ကာမင်းမောင်

ချစ်သူ Lance နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်တဲ့ ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်ကတော့ Music Video တွေကနေတဆင့်ပရိသတ်တွေစတင်သိရှိလာကြတာပါ။အဲ့ဒီနောက်ဗီဒီယိုဇာတ်ကားတော်တော်များများလည်းရိုက်ကူးထားတာကိုတွေ့ရပါတယ်။သူဟာ Mister Tourism World 2016 Winner ဆုကိုရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဥက္ကာမင်းမောင်ကတော့ချစ်သူသက်တမ်း (၃)နှစ်ကျော်အကြာမှာချစ်သူLance နဲ့ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ဒီကိစ္စကို အခုလိုမျိုးပြောဖို့မရည်ရွယ်ထားပေမယ့်လည်းသူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးပရိသတ်တွေအားလုံးသိပြီးသား ဖြစ်သလိုတစ်ချိန်ချိန်မှာကောလာဟလတွေပြောကြမှာကိုမလိုလားတဲ့အတွက်အခုလိုသူကိုယ်တိုင်ပြောပြတာဖြစ်တယ်လို့ဆိုပါတယ်။သူ့ချစ်သူနဲ့ လမ်းခွဲလိုက်တာ (၂)လလောက်ရှိပြီဖြစ်ပါတယ်။


ငါတို့လမ်းခွဲလောက်တာ၂လောက်ရှိသွားပြီ။ဒီထဲကြားထဲမှာအကြိမ်ကြိမ်ပြတ်တယ်ဆိုပြီးပြောခဲ့ပေမယ့်ဒီတစ်ခါကတော့တရားဝင်ချပြလိုက်တာပါ။ငါသူ့ဆီကထွက်သွားခဲ့ပြီ။အစပိုင်းမှာဒီကိစ္စကိုလူသိရှင်ကြားမပြောဖို့စဥ်းစားခဲ့တယ်၊ဒါပေမယ့်ကျွန်တော့်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး အားလုံးကသိနေပြီးသားဆိုတော့တစ်ချိန်ချိန်မှာ ကောလာဟလပြောကြမှာတွေမလိုလာတဲ့အတွက်အခုလိုကျွန်တော်ကိုယ်တိုင်ပြောပြာတာပါ။အခုလိုအေးအေးဆေးဆေးလမ်းခွဲလိုက်တာဟာနှစ်ယောက်စလုံးအတွက်အကောင်းဆုံးပါ။ ဒါဟာdramaလုပ်တာမဟုတ်သလိုလိမ်နေတာလည်းမဟုတ်ပါဘူး။


အဓိကလမ်းခွဲလိုက်တဲ့အကြောင်းအရာကသူ့ရဲ့မိသားစုနဲ့သူငယ်ချင်းတွေကကျွန်တော့်ကိုအမြဲတမ်းဝေဖန်အပြစ်တင်ကြတယ်။ကျွန်တော့်ရဲ့အကြောင်းကိုတစ်ယောက်ချင်းစီလိုက်ရှင်းပြဖို့ဆိုတာကလည်းတကယ်မဖြစ်နိုင်ဘူး။ငါပြောနိုင်တာတစ်ခုကတစ်ဖက်တည်းရဲ့စကားကိုနားထောင်နေမယ်ဆိုရင်ဘယ်တော့မှပြီးပြည့်စုံတဲ့အကြောင်းအရာကို သိရမှာမဟုတ်ဘူး။မင်းင့ါအပေါ် ထင်တာတွေလည်းမှားနေနိုင်တယ်လူတိုင်းကဘယ်သူမှတော့မပြီးပြည့်စုံကြပါဘူး။ ဒါပေမယ့်ကျွန်တော်သူ့အပေါ် နှလုံးသားနဲ့ရင်းပြီးချစ်တယ်။အမြဲတမ်းလည်းချစ်နေဦးမယ်။သူလည်းကျွန်တော့်ကိုဒီလိုပဲပြောခဲ့တယ်ဆိုပြီးသူ့ရဲ့ဖေ့စ်ဘွတ်မှာဒီဇင်ဘာ(၂၆)ရက်‌နေ့ကရေးသားထားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်းချစ်သူ Lance နဲ့ ချစ်ခဲ့ရလို့လည်းသူဘယ်တော့မှနောင်တရမှာ မဟုတ်ဘူးလို့ ပြောထားပါသေးတယ်။ကျွန်တော်တို့လက်တွဲလာတဲ့၃နှစ်အတွင်းမှာသူ့အပေါ် အခွင့်ကောင်းမယူခဲ့ဖူးပါဘူး၊ဒါ့အပြင်သူ့အနေနဲ့လည်းသူ့သူငယ်ချင်းတွေနဲ့မိသားစုတွေရဲ့ပြောစကားတွေကိုထုတ်ဖော်မပြောခဲ့သင့်ဘူး။

ဘာဖြစ်ဖြစ်ပါကျွန်တော်သူ့သူငယ်ချင်းတွေနဲ့မိသားစုတွေကိုချစ်နေမှာပါ။အခုတော့သူကျွန်တော့်ကိုပြန်တောင်းပန်မချင်းပြီးတော့သူ့သူငယ်ချင်းနဲ့မိသားစုတွေကိုဖြစ်စဥ််အမှန်ကိုမပြောပြမချင်းကျွန်တော့်ခွေးလေးတွေနဲ့မြင်တွေ့ခွင့်ရမှာမဟုတ်ပါဘူး။သူမလုပ်နိုင်လည်း အဆင်ပြေပါတယ်။နှစ်နှစ်လောက်ကြာပြီးလို့ ကျွန်တော်သူ့ကိုခွင့်လွှတ်နိုင်ပြီးရင်တော့ခွေးလေးတွေကိုတွေ့ရမှာပါ။(အခုလိုအားလုံးသိအောင်ချပြရတာလည်းကျွန်တော့်မှာ အကြောင်းပြချက်ရှိပြီးသားပါ။)ငါ့ကိုချစ်တဲ့သူတွေမရှိပဲနဲ့လည်းငါ့ဘဝကိုရှင်သန်နိုင်ပါတယ်။ချစ်ခဲ့ကြတဲ့အချိန်တွေအတွက်လည်းအမြဲတမ်းကျေးဇူးတင်နေမှာပါ။ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းတွေကိုအတူတူမျှဝေခဲ့ဖူးပါတယ်၊အတူတူငိုခဲ့ဖူးတယ်၊ပျော်ခဲ့ဖူးတယ်အတူတူကခဲ့ဖူးတယ်။ဒိလိုအမှတ်ရနေစေမယ့်ပို့စ်တွေကိုတော့ပြန်ဖျက်မှာမဟုတ်ပါဘူး၊ဒီအတိုင်းပဲထားထားမှာပါ။မင်းနဲ့ချစ်ခဲ့လို့နောင်တမရပါဘူး၊


အခုတော့ကိုယ့်ကိုယ်ကိုသာအာရုံစိုက်ပြီးကိုယ်စိတ်အားထက်သန်တာတွေကိုပဲလုပ်ပါတော့မယ်။သူ့အတွက်အခြားဘာမှဆုတောင်းမပေးတော့ပေမယ့်အကောင်းဆုံးဖြစ်ပါစေ။သူ့ကိုကပ္ပတိန်တစ်ယောက်အဖြစ်အရမ်းမြင်ချင်နေပါပြီ။ငါတို့ အားလုံးအချစ်နဲ့ပျော်ရွင်ဖို့အတွက် ထိုက်တန်ပါတယ်။ငါကတော့ဆက်လက်ရှင်သန်နေမှာပါလို့သူကဆက်လက်ပြောပြထားပါတယ်။ဥက္ကာမင်းမောင်ရဲ့အချစ်ရေးသတင်းနဲ့ပတ်သက်ပြီးပရိသတ်တွေလည်းစိတ်မကောင်းဖြစ်လို့နေကြပါတယ်။

Credit to Original