Cele News

ကိုဗစ်ကာလအတွင်း သိန်းထောင်ကျော်ဘဏ်ထဲထည့်ထားနိုင်ပြီး တစ်လကိုသိန်းဆယ်ချီဝင်နေပြီလို့ ကြွားလုံးထုတ်လိုက်ပြီ စနောက်လိုက်တဲ့ နေဒွေး

ကိုဗစ်ကာလအတွင်း သိန်းထောင်ကျော်ဘဏ်ထဲထည့်ထားနိုင်ပြီး တစ်လကိုသိန်းဆယ်ချီဝင်နေပြီလို့ ကြွားလုံးထုတ်လိုက်ပြီစနောက်လိုက်တဲ့နေဒွေး

မိန်းကလေးပရိသတ်တွေရဲ့အသည်းစွဲအားပေးကြတဲ့ သရုပ်ဆောင်နေဒွေးကတော့ယောက်ကျားပီသပြီး တောင့်တင်းတဲ့ဘောဒီကိုပိုင်ဆိုင်ထားတဲ့သူတယောက်ပါ။နေဒွေးကတော့ဗီဒီယိုဇာတ်ကားတွေမှာ ရေးပန်းစားလူကြိုက်များလာတဲ့သူတယောက်ပါ။


ရရင်ရသလိုပရဟိတတွေကိုလုပ်ဆောင်နေတဲ့ မင်းသားနေဒွေးကတော့ဒီနေ့မှာ2020နှစ်ကုန်ခါနီးပြီဒီနှစ်ဘာတွေလုပ်ပြီးပြီလဲပြန်ဆန်းစစ်ကြည့်လိုက်တော့မြေကွက် ၂ကွက်ဝယ်နိုင်ခဲ့တယ်ကိုယ့်နာမည်နဲ့လုပ်ထားတဲ့လုပ်ငန်းကလည်းအရမ်းအဆင်ပြေတယ်။တစ်လကိုအနည်းဆုံးသိန်း၅၀မကဘူးရခဲ့တယ်။အရောင်းဝယ်ကလည်းထင်တာထက်အလုပ်ဖြစ်တယ်။စားချင်တာတွေလည်းအကြိမ်ကြိမ်ရှယ်စားဖြစ်ခဲ့တယ်။ဝယ်ထားတဲ့မြေကွက်လေးကလည်း၅ဆလောက်မြတ်ခဲ့တာတွေရှိခဲ့တော့စီးနေတဲ့ကားစုတ်လေးကိုကောင်းတဲ့မြင့်တဲ့အသစ်နဲ့လဲနိုင်ခဲ့တယ်။


လက်ရှိလုပ်နေတဲ့လုပ်ငန်းကလဲပိုပြီးအဆင်ပြေလာတယ်။အလုပ်ကိုလည်းပိုမိုကောင်းမွန်အောင် လုပ်နိုင်ခဲ့တယ်။ဘဏ်မှာလည်းငွေသိန်း၁၅၀၀ကျော်ထည့်နိုင်ခဲ့တယ်။ခုဆိုပိုင်ဆိုင်သမျှတွေကမိသားစုနဲ့အေးအေးဆေးဆေးနေလို့ရပြီ။ဒီနှစ်ထဲစပ်တူရှယ်ယာလုပ်ထားတာကလည်းပျမ်းမျှတစ်လသိန်းဆယ်ကျော်မကရအုံးမှာဆိုတော့အေးဆေးဖြစ်နေပါပြီ။နှစ်သစ်မှာသွားချင်တဲ့ခရီးတွေထွက်မယ်။အကုန်ဝယ်မယ်ချင်တာတွေ စားမယ်ဝယ်ချင်သမျှအမှန်တော့ဖြစ်ချင်ခဲ့တာပြောနေတာပါအထင်မကြီးနဲ့စိတ်ကူးယဉ်တာ( လက်တွေ့လဲဖြစ်နိုင်တယ်နော်)။မိတ်​ဆွေ ကျတော့်အပေါ် သဘောထားလေးစီစစ်လို့ ရအောင်လို့ပါ။တကယ်ကတော့စာဖတ်ရင်း ဝမ်းသာအားကျနေရင်တော့သင်ဟာကျတော့်အပေါ်မုဒိတာစိတ်ရှိလို့ပါစာဖတ်ရင်းတစုံတစ်ရာစိတ်ဖြစ်နေရင်တာ့သင်ဟာကျတော့်အပေါ် တစုံတစ်ရာမူမမှန်စိတ်ရှိလို့ပါ။စာဖတ်ရင်းရီချင်နေရင်တော့သင်ဟာကျတော့်အကြောင်းကောင်းကောင်းသိသူပါ။ဖတ်နေရင်းကိုယ်တိုင်ထပ်တူပျော်နေရင်တော့သင်ဟာစိတ်ကောင်းရှိသူပါ။အသက်ရှည်ဆေးပါဆိုပြီး သူ့ရဲပရိသတ်တွေကိုစနောက်အရွှန်းဖောက်ခဲ့တာပါ။


Zawgyi Version

ကိုဗစ်ကာလအတွင်းသိန်းထောင်ကျော်ဘဏ်ထဲထည့်ထားနိုင်ပြီး တစ်လကိုသိန်းဆယ်ချီဝင်နေပြီလို့ မနာလိုနေတဲ့သူတွေကိုခပ် ကြွားကြွားလေးပြောဆိုစနောက်လိုက်တဲ့ နေဒွေး





Credit to original