Cele News

သူရရှိသမျှ အနုပညာကြေးထဲက စုဆောင်း​ထားတဲ့ငွေလေးနဲ့ မိဘတွေကို အိမ်လေးတလုံးဆောက်လုပ်ပေးနေတဲ့ သားလိမ္မာလေး ရာဝန

သူရရှိသမျှ အနုပညာကြေးထဲက စုဆောင်း​ထားတဲ့ငွေလေးနဲ့ မိဘတွေကို အိမ်လေးတလုံးဆောက်လုပ်ပေးနေတဲ့ သားလိမ္မာလေး ရာဝန

လက်တလောမှာ ပရိတ်သတ်တွေကြား ရေပန်းစားလူကြိုက်များနေတဲ့ သီချင်းတွေကိုဖန်တီးခဲ့တဲ့ အဆိုတော်ရာဝနကတော့ ဂီတနယ်ပယ်မှာ အောင်မြင်မှုရရှ်ိနေပြီဘဲဖြစ်ပါတယ်။အဆွေးသီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲရောက်အောင် သီချင်းတွေကိုသီဆိုနိုင်သူတယောက်ပါ။


အဆိုတော်ရာဝနကတော့ မအောင်မြင်ခင်ကတော့မိဘတွေသဘောမတူတဲ့လမ်းကြောင်းကိုလျှောက်ဖို့အတွက်အချိန်(၃)နှစ်တိတိယူခဲ့ပြီး(၂၀၂၀)မှာမအောင်မြင်သေးဘူးဆိုရင်မိဘတွေခိုင်းတဲ့အတိုင်းလုပ်ပါမယ်လို့ ကတိပေးခဲ့ရတယ်လို့ပရိသတ်တွေကိုပြောပြဖူးပါတယ်။ခုတော့ကတိပေးခဲ့တဲ့အတိုင်အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာသလိုအားပေးတဲ့ပရိသတ်တွေလည်းတခဲနက်ရရှိခဲ့ပါတယ်။

လတ်တလောမှာတော့၂၀၂၀ မှာရခဲ့တဲ့အနုပညာကြေးလေးတွေနဲ့ နှစ်သစ်မှာဖေဖေနဲ့မေမေကိုအိမ်လေးတလုံးနဲ့ကန်တော့ဖို့ဆောက်လုပ်ပေးနေကြောင်းလူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။


အိမ်လေးကိုလက်ရှိဆောက်လုပ်နေတာ ၇၅% ပြီးစီးနေပြီဖြစ်ပြီဖြစ်ကြောင်းလည်းပုံနဲ့တကွဖော်ပြခဲ့ပါတယ်။မိဘတွေသဘောမတူတဲ့လမ်းကြောင်ကိုကိုယ်တိုင်ဖောက်ပြီးအောင်မြင်အောင်ကြိုးစားနိုင်ခဲ့တဲ့ရာဝနအတွက်သူ့ရဲ့ပရိသတ်တွေအားလုံးလည်းဂုဏ်ယူဝမ်းမြောက်နေကြမယ်လို့ထင်ပါတယ်နော်။

Credit to Original