Cele News

(၁၀)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ချစ်ဇနီးအိန္ဒြာကျော်ဇင် လိုချင်နေတဲ့ပစ္စည်းလေးတစ်ခုနဲ့ Surprise လုပ်ခဲ့တဲ့ ပြေတီဦး

(၁၀)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ချစ်ဇနီးအိန္ဒြာကျော်ဇင် လိုချင်နေတဲ့ပစ္စည်းလေးတစ်ခုနဲ့ Surprise လုပ်ခဲ့တဲ့ ပြေတီဦး

ပရိသတ်တွေချင်ခင်အားပေးရတဲ့အနုပညာရှင်စုံတွဲဖြစ်တဲ့ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ကတော့ အနုပညာနယ်ပယ် အကယ်ဒမီထူးချွန်ဆုတွေနဲ့အတူ အသီးသီးအောင်မြင်နေတဲ့သူတွေဖြစ်ပါတယ်။ဘယ်လိုဇာတ်ရုပ်မျိုးမှာမဆို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်ပြီး အတွဲညီညီသရုက်ဆောင်တာတွေကလည်း ပရိသတ်ကိုဖမ်းစားနေတာပါ။ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ကချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒြာနဲ့ သားငယ် ပြေဓီရတို့နဲ့အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။


ဒီကနေ့ဇန်နဝါရီလ(၄)ရက်နေ့မှာတော့ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကမင်္ဂလာသက်တမ်း(၁၀)နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ပြေတီဦးကတော့သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ (၁၀)နှစ်ပြည့်Anniversary နေ့မှာချစ်ဇနီးအိန္ဒြာကျော်ဇင်ရဲ့အကြိုက်ကိုသိပြီးလက်ဆောင်လေးတစ်ခုပေးခဲ့တာကြောင့် အိန္ဒြာကျော်ဇင်ကMy Love က စပရိုက်တိုက်ပြီးပေးတာiPad pro လေးလိုချင်နေတာနဲ့ကွက်စတိဆိုပြီးသူမလိုချင်နေတဲ့iPad pro လေးကိုပြေတီဦးဆီက လက်ဆောင်ရရှိခဲ့ကြောင်းပြောလာပါတယ်။

Video ကြည့်ရန်

ပြေတီဦးကတော့ချစ်ဇနီးလိုချင်တာကိုသိပြီး သိန်း(၂၀)တန်ဖိုးရှိတဲ့iPad proလေးကိုSurprise တိုက်လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ကလည်းပြေတီဦးကိုဘယ်လိုလက်ဆောင်မျိုးလေးပေးလဲဆိုတာစိတ်ဝင်စားစရာပါပဲနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။


Zawgyi Version





Credit to Original