Cele News
မိသားစုတွေနဲ့ လျှောက်လည်ရင်း ဖေဖေကိုကလေးလေးတစ်ယောက်လိုအချွဲပိုနေတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ချစ်စရာ ဗီဒီယိုလေး
မိသားစုတွေနဲ့ လျှောက်လည်ရင်း ဖေဖေကိုကလေးလေးတစ်ယောက်လိုအချွဲပိုနေတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ချစ်စရာ ဗီဒီယိုလေး
မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ဘယ်လိုဇာတ်ရုပ်မျိုးမှာမဆို ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်ပြီး ဘက်စုံတော်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အကယ်ဒမီထူးချွန်ဆုတွေသာမကနိုင်ငံတကာကပေးတဲ့ဆုတွေကိုလည်းရရှိထားတဲ့သူတယောက်ပါ။ဝတ်မှုန်ရွှေရည်ကတော့ လတ်တလောမှာအပူမရှာဘဲတစ်ကိုယ်တည်းအပျိုကြီးလုပ်ပြီးမိသားစုကိုဘဲအချိန်ပေးနေတဲ့သူတစ်ယောက်ပါ။
နိုင်ငံကျော်မင်းသမီးတစ်ယောက်ပီပီနေ့စဉ်ရက်ဆက်အလုပ်တွေလုပ်ကိုင်နေရတဲဝတ်မှုံရွှေရည်ကသူမချစ်တဲ့မိသားစုဝင်တွေကိုတော့အချိန်ပေးဖို့မမေ့လျော့သူတစ်ယောက်ဖြစ်ပါတယ်။မနေ့ကဇန်နဝါရီလ(၅)ရက်နေ့မှာလည်း ဝတ်မှုံရွှေရည်ကသူမရဲ့ဖေဖေ၊မေမေအပြင်ညီမလေးနဒီရွှေရည်တို့မိသားစုနဲ့အတူတူပျော်စရာကောင်းတဲ့အချိန်တွေကိုကုန်ဆုံးခဲ့ပါတယ်။ဝတ်မှုံရွှေရည်ကအချစ်ဆုံးဖေဖေနားကိုကပ်ပြီးကလေးလေးတစ်ယောက်လိုအချွဲပို​နေတာကိူအခုလိုမျိုးပဲတွေ့ရပါတယ်။
ဝတ်မှုံရွှေရည်ကတော့ဘယ်လောက်ပဲလူကြီးဖြစ်ပြီးရင့်ကျက်ရင့်ကျက်ဖေဖေ၊မေမေနဲ့ဆိုရင်ကလေးလေးတစ်ယောက်လိုပြန်ဖြစ်သွားတာသူမရဲ့ချစ်စရာကောင်းတဲ့အကျင့်လေးတစ်ခုပါပဲ။ပရိသတ်ကြီးလည်းဝတ်မှုံရွှေရည်တို့မိသားစုလေးရဲ့ပျော်စရာကောင်းတဲ့အခိုက်အတံ့တွေကို ကြည့်ပြီးထပ်တူကြည်နူးနေမိမယ်ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Video ကြည့်ရန်
Zawgyi Version
Credit to Original